ဝဋ်ဒုက္ခမှ လွတ်မြောက်ရေး
နုတ်သံ လေးလေး
ရွတ်ခဲ့ရ ထိုခဏ
ရဟန်းဖြစ်စ၊
ဝဋ်ဒုက္ခမှ လွတ်မြောက်ရေး
အကျင့်ကို ဦးစားပေး
ကျင့်ကြံဖို့ ထိုအရေး
သိဖို့က လိုသေး
သိဖို့ရန် ထိုအရေး
စာသင်တိုက်ကို ပြေး၊
ပြေးခဲ့ရ စာသင်စဉ်
စာကိုသာ မြင်
မြင်သမျှ စာကပြော
တောထွက်မှ ပင်
တောထွက်ရန် ထိုအတွေး
တောပြုန်းဘေးက နှင်၊
သို့ဆိုလျှင်…
သိခဲ့ရ သုတထွေ
ဖြန့်ဝေလည်း ကုသိုလ်ပေ
ဟောခဲ့ရ ချေ၊
ဟောခဲ့ရ ထိုတရား
အကျိုးတော့ များသား၊
လူဆိုတာ ဂုဏ်ရှိမှ
လုပ်သမျှ တင့်တယ်ပေ
ပြောကြ ပြန်ချေ
ထိုဂုဏ်တွက် ထွက်ခဲ့ရ
ဝေးရပ် ဌာနေ၊
ဝေးဌာနေ ရောက်ခါမှ
ပြည်တွင်းမှာ နှိပ်ကွက်ကြ
ဗုဒ္ဓသား တွေ
ဒုက္ခများ ဝေ
ရှုပ်လှတဲ့ ငမျှသားတွေ
ပြုတ်ကြမှ ပေ၊
ထိုအကြံ ထိုအတွေး
ခပ်အေးအေး နေမရ
ထ လှုပ်ရှားကြ
လှုပ်ရှားမှု အရာထင်
ဘ၀င်မကြ န အ ဖ
အပြန်မှာ လေဆိပ်က
စစ်ဆေး သတဲ့ဗျ၊
ပြည်ပြန်ဖို့ ထိုအရေး
ရင်ကတော့ ခပ်လေးလေး
လေးနေလို့ အပိုပင်
ဆက်လုပ်မှ ပင်၊
ဦးတည်ချက် ၀ဋ်လွတ်ရေး
ဘေး ခဏဖယ်
တွေးသမျ အသွယ်သွယ်
ဘေးသမျှ ဘေးတကယ်
စစ်သွေးကြွယ် အာဏာမှုးတဲ့
အာဏာရူး ဗိုလ်ချုပ်တွေရဲ့
လုပ်သမျှ ၀ဋ်သွယ်သွယ်
တကယ်ပင် လွတ်မြောက်ရေး
တို့တတွေ ဘယ်မနှေး ဆက်လုပ်စို့လေး……။်
No comments:
Post a Comment