4/3/2008
မတင့်တယ်တာကို တင့်တယ်တယ်ထင်
ဣနြေ္ဒကို မထိန်း
အစားမှာ အထာမသိ
အပျင်းကပို
အားထုတ်မှုက လို
ဒီလိုလူသည်
ကမ်းနား သစ်ပင် ရေဒဏ် မခံနိုင်သလို
လောကဓံ ကို မခံနိုင်။
ငါ ဘယ်လို လူ ပါလိမ့်?
မတင့်တယ်တာကို မတင့်တယ်ဟု သိ၏
ဣနြေ္ဒကို ထိန်း၏
အစားမှာ အထာသိ၏
ယုံကြည်မှုလည်း ရှိ၏
လုပ်လည်း လုပ်၏
သူလို လူသည်
ကျောက်တောင်ဟာ လေဒဏ်ခံနိုင်သလို
လောကဓံကို ခံနိုင်၏။
ငါ လောကဓံ ခံနိုင်ရဲ့လား?
No comments:
Post a Comment