Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, February 18, 2008

ဝဋ်ဒုက္ခမှ လွတ်မြောက်ရေး

ဝဋ်ဒုက္ခမှ လွတ်မြောက်ရေး

နုတ်သံ လေးလေး

ရွတ်ခဲ့ရ ထိုခဏ

ရဟန်းဖြစ်စ၊

ဝဋ်ဒုက္ခမှ လွတ်မြောက်ရေး

အကျင့်ကို ဦးစားပေး

ကျင့်ကြံဖို့ ထိုအရေး

သိဖို့က လိုသေး

သိဖို့ရန် ထိုအရေး

စာသင်တိုက်ကို ပြေး၊

ပြေးခဲ့ရ စာသင်စဉ်

စာကိုသာ မြင်

မြင်သမျှ စာကပြော

တောထွက်မှ ပင်

တောထွက်ရန် ထိုအတွေး

တောပြုန်းဘေးက နှင်၊

သို့ဆိုလျှင်…

သိခဲ့ရ သုတထွေ

ဖြန့်ဝေလည်း ကုသိုလ်ပေ

ဟောခဲ့ရ ချေ၊

ဟောခဲ့ရ ထိုတရား

အကျိုးတော့ များသား၊

လူဆိုတာ ဂုဏ်ရှိမှ

လုပ်သမျှ တင့်တယ်ပေ

ပြောကြ ပြန်ချေ

ထိုဂုဏ်တွက် ထွက်ခဲ့ရ

ဝေးရပ် ဌာနေ၊

ဝေးဌာနေ ရောက်ခါမှ

ပြည်တွင်းမှာ နှိပ်ကွက်ကြ

ဗုဒ္ဓသား တွေ

ဒုက္ခများ ဝေ

ရှုပ်လှတဲ့ ငမျှသားတွေ

ပြုတ်ကြမှ ပေ၊

ထိုအကြံ ထိုအတွေး

ခပ်အေးအေး နေမရ

ထ လှုပ်ရှားကြ

လှုပ်ရှားမှု အရာထင်

ဘ၀င်မကြ န အ ဖ

အပြန်မှာ လေဆိပ်က

စစ်ဆေး သတဲ့ဗျ၊

ပြည်ပြန်ဖို့ ထိုအရေး

ရင်ကတော့ ခပ်လေးလေး

လေးနေလို့ အပိုပင်

ဆက်လုပ်မှ ပင်၊

ဦးတည်ချက် ၀ဋ်လွတ်ရေး

ဘေး ခဏဖယ်

တွေးသမျ အသွယ်သွယ်

ဘေးသမျှ ဘေးတကယ်

စစ်သွေးကြွယ် အာဏာမှုးတဲ့

အာဏာရူး ဗိုလ်ချုပ်တွေရဲ့

လုပ်သမျှ ၀ဋ်သွယ်သွယ်

တကယ်ပင် လွတ်မြောက်ရေး

တို့တတွေ ဘယ်မနှေး ဆက်လုပ်စို့လေး……။်

အပြည့်အစုံဖတ်ရန်...

Tuesday, November 20, 2007

အိမ်

+အိမ်ရှိပေမဲ့
အိမ်ပြန်ချိန် မရှိတော့ဘူး။
+ပစ်ချလိုက်တဲ့ ကံက
စေတီ နဘေးနားမှာ
ပ၀တ္တိကံက
ဘောင်ဘီဝတ်တဲ့ ခေတ်ပေါ်မှာ
စီးလားတဲ့ကားက ခရီးမှားကြီး။
+ငါတို့ မျိုးစေ့တွေက
ရာသီမှားပြီး ပွင့်ခဲ့တာလား။
+သူများတွေ အိပ်တန်းပြန်ကုန်ပြီလေ
ကွင်းစိမ်းစိမ်းကြီးထဲမှာ
တောတွေမှောက်လို့။
+သတိတရစိတ်တွေ တနင့်တပိုးနဲ့
အိမ်ပြန်ချင်လိုက်တာ။
+အိမ်ရှိပေမဲ့
အိမ်မပြန်နိုင်တဲ့ ဘဝ
ဘယ်သူတွေ ခံစားဘူးလဲ။
+ဒီကမ္ဘာကြီးထဲ ရှင်နေလျှက်
မလုံခြုံနိုင်တဲ့ ဘ၀။
+လွမ်းလွမ်းဆွေးဆွေး ရွာဦးထိပ်က စေတီလေး
အဝေးရောက် ဦးခိုက်မူတွေနဲ့
ရင်ဘက်ထဲ မိုးတွေသဲလို့။ ။
ဒီနွယ်မျိုး

အပြည့်အစုံဖတ်ရန်...

လည်ပတ်ရောက်ရှိလာသူများအားလုံးကိုကျေးဇူးတင်ပါ၏