Showing posts with label တိုတိုထွာထွာ. Show all posts
Showing posts with label တိုတိုထွာထွာ. Show all posts

Wednesday, March 12, 2008

Elimanate Doubt on Relligions

Do not go upon what has been acquired
by repeated hearing;
nor upon tradition;
nor upon rumour;
nor upon what is in a scripture;
nor upon surmise;
nor upon an axiom;
nor upon specious reasoning;
nor upon a bias towards a notion that has been pondered over;
nor upon another's seeming ability;
nor upon the consideration, "The monk is our teacher."
when you yourselves know:
"These things are bad;
these things are blameable;
these things are censured by the wise;
undertaken and observed, these things lead to harm and ill,"
abandon them.'

အပြည့်အစုံဖတ်ရန်...

Monday, March 3, 2008

ဓံ

4/3/2008
မတင့်တယ်တာကို တင့်တယ်တယ်ထင်

ဣနြေ္ဒကို မထိန်း

အစားမှာ အထာမသိ

အပျင်းကပို

အားထုတ်မှုက လို

ဒီလိုလူသည်

ကမ်းနား သစ်ပင် ရေဒဏ် မခံနိုင်သလို

လောကဓံ ကို မခံနိုင်။

ငါ ဘယ်လို လူ ပါလိမ့်?

မတင့်တယ်တာကို မတင့်တယ်ဟု သိ၏

ဣနြေ္ဒကို ထိန်း၏

အစားမှာ အထာသိ၏

ယုံကြည်မှုလည်း ရှိ၏

လုပ်လည်း လုပ်၏

သူလို လူသည်

ကျောက်တောင်ဟာ လေဒဏ်ခံနိုင်သလို

လောကဓံကို ခံနိုင်၏။

ငါ လောကဓံ ခံနိုင်ရဲ့လား?

အပြည့်အစုံဖတ်ရန်...

ရန်

3/3/2008
သူ ငါ့ကို ဆဲဘူးတယ်

သူ ငါ့ကို ညှင်းဆဲဘူးတယ်

သူ ငါ့ကို နိုင်ဘူတယ်

သူ ငါ့ဟာ ယူဘူးတယ်

ဤ အငြိုးသည် ရန်မပြို ရန်ပိုတတ်၏

အငြိုးမရှိမှ ရန်မပို ရန်ပြို၏။

ငါဟာ ရန်လိုသူလား မလိုသူလား?

ရန်တုံ့ သဖြင့် ရန်မငြိမ်း

ရန်မတုံ့မှ ရန် ငြိမ်း၏

ရန်တုန့်သဖြင့် ရန် မငြိမ်းသည် သူယုတ်တို့လမ်း

ရန်မတုန့်မှ ရန်ငြိမ်းသည် သူကောင်းတို့လမ်း။

ငါ ဘယ်လမ်းပေါ်မှာ ပါလိမ့်?

“ငါ သေရဦးမယ်” တစ်ချို့ မသိ

“ငါ သေရဦးမယ်”် တစ်ချို့ သိ၏

မသိသူများ ရန်ဖြစ်ကြ၏

သိသူများ ရန်မဖြစ်။

ငါ ဘာကောင်ပါလိမ့်?

အပြည့်အစုံဖတ်ရန်...

Sunday, March 2, 2008

စိတ်

3/3/2008
စိတ်သည် ရှေ့သွားခေါင်းဆောင်ဖြစ်၏

စိတ်သည် အကြီးအမှုး ဖြစ်၏

စိတ်ကြောင့်သာ ဖြစ်ကြရ၏

စိတ်မကောင်းက အကောင်းမပြောနိုင်

စိတ်မကောင်းက အကောင်းမပြုနိုင်

ဝန်ဆောင် နွားခြေရာ နောက် လှည်းဘီးလိုက်သလို

မကောင်း ပြော ပြု ခြင်းကြောင့်ဖြစ်သော ဆင်ရဲသည်

ပြောပြုသော ပုဂ္ဂိုလ်နောက် တကောက်ကောက်လိုက်၏။

ငါ့စိတ်ရော ကောင်းရဲ့လား?

အပြည့်အစုံဖတ်ရန်...

လည်ပတ်ရောက်ရှိလာသူများအားလုံးကိုကျေးဇူးတင်ပါ၏