4/3/2008
မကောင်းမှု ပြုက ယခုလည်း စိုးရိမ်ရ၏
နောင်လည်း စိုးရိမ်ရ၏
ခုရော နောင်ပါ စိုးရိမ်ရ၏
မကောင်းမှု ရဲ့ ညစ်ညမ်းမှုကို ကိုယ်တွေ့မြင်၍
စိုးရိမ်ရ၏ ပင်ပန်းရ၏
ငါဘာတွေ လုပ်နေပါလိမ့်?
ကောင်းမှု ပြုက ခုလည်း ၀မ်းမြောက်ရ၏
နောင် လည်း ၀မ်းမြောက်ရ၏
ခုရောနောင်ပါ ၀မ်းမြောက်ရ၏
ကောင်းမှု၏ စင်ကြယ်မှုကို ကိုယ်တွေ့မြင်၍
ဝမ်းမြောက်ရ၏
တော်တော်ကို ၀မ်းမြောက်ရ၏
ဟင် ငါ ဘာလို့ ၀မ်းနည်းနေတာပါလိမ့်?
မကောင်းမှုပြုက ခုလည်း ပူရ၏
နောင်လည်း ပူရ၏
ခုရော နောင်ပါပူရ၏
အပါယ်ရောက်သော်
ငါမကောင်းမှုတွေ ပြုခဲ့တာပါလားလို့
တွေးပြီး အပြင်းပူရတော့၏
ငါ ဘာဖြစ်လို့ မအေးရတာပါလိမ့်?
ကုသိုလ်ပြုက ခုလည်း နှစ်သက်ရ၏
နောင်လည်း နှစ်သက်ရ၏
ခုရော နောင်ပါ နှစ်သက်ရ၏
သုဂတိ ရောက်သော်
ငါ ကုသိုလ်တွေပဲ ပြုခဲ့ တာပါလားလို့
အလွန် နှစ်သက်ရ၏
ငါ့ရဲ့ နှစ်သက်မှုကရော?
Tuesday, March 4, 2008
Labels:
တိုတိုထွာထွာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment